လောင်းလုံးမြို့နယ်အတွင်း ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲများလာရောက်ပေးလျက်ရှိ
တနင်္သာရီတိုင်းဒေသကြီး လောင်းလုံး မြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ရပ်ကွက်/ကျေးရွာများရှိမဲရုံ (၁၄) ရုံ၌ ဇန်နဝါရီ ၂၅ ရက် နံနက် ၆ နာရီက စတင်၍ ပြည်သူများကအေးချမ်းစွာ လာရောက်ဆန္ဒမဲပေးလျက်ရှိသည်။