ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ငြိမ်းချမ်းစွာဆန္ဒမဲပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ မဲဆန္ဒရှင်ပြည်သူများ နံနက် ၆ နာရီမှစတင်၍ ငြိမ်းချမ်းစွာ ဆန္ဒမဲပေးနေကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ ပြည်သူများ စိတ်အေးချမ်းစွာ မဲပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ကျင်းပပြုလုပ်ရာ ပြည်သူများ စိတ်အေးချမ်းစွာ လာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ် (တောင်းပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းစံမြို့နယ်နှင့် မိုင်းနောင်မြို့နယ်တို့အတွင်းရှိ မဲရုံများတွင် ပြည်သူများ ဆန္ဒမဲပေးလျက်ရှိ

ရှမ်းပြည်နယ် (တောင်းပိုင်း) တွင် မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းစံမြို့နယ်နှင့် မိုင်းနောင်မြို့နယ်တို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိရာ မဲရုံများတွင် ပြည်သူများအနေဖြင့် ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် နေ့လယ်(၁၂)နာရီအချိန်၌ ဆန္ဒမဲပေးသူရာခိုင်နှုန်း (၅၈.၆၀) ရာခိုင်နှုန်းရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျင်းပလျက်ရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃)အား မဲရုံ (၁၆၄)ရုံဖြင့် နံနက်(၆)နာရီမှ စတင်၍ မဲရုံများဖွင့်လှစ်ကျင်းပဆောင်ရွက်ခဲ့ရာ နေ့လယ် (၁၂)နာရီထိ ဆန္ဒမဲပေးခွင့်ရှိသူ အားလုံး၏ မဲပေးမှု ရာခိုင်နှုန်း(၅၈.၆၀)ရာခိုင်နှုန်းရှိပြီဖြစ်သည်။

ခရမ်းမြို့နယ်တွင်  ပါတီစုံဒီမိုကရေစီအ‌ထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)အား ဇန်နဝါရီလ ၂၅ ရက်နေ့နံနက် ၆ နာရီမှစ၍ မဲရုံ (၁၀၄) ရုံတွင် တစ်ပြိုင်နက်တည်း စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

လမ်းမတော်မြို့နယ်အတွင်းရှိ မဲရုံများတွင် ပြည်သူများ အေးချမ်းစွာဆန္ဒမဲပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိရာ မဲရုံများတွင် ပြည်သူများအနေဖြင့် အေးချမ်းစွာဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့် စက်တို့ပါဝင်သော အီလက်ထရောနစ်မဲပေးစက်တို့ကို စနစ်တကျတပ်ဆင်ကာ နံနက် (၆) နာရီတိတိအချိန်တွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့ပြီး စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများတွင် မဲပေးခြင်းကို စတင်ခဲ့သည်။

ငါးသိုင်းချောင်းမြို့တွင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)စတင်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်ငါးသိုင်းချောင်းမြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ယနေ့နံနက်(၆)နာရီမှစတင်ကျင်းပရာ မြို့အတွင်းရှိ ပြည်သူများကမဲရုံများတွင် အေးချမ်းစွာဖြင့် ဆန္ဒမဲများပေးလျက်ရှိကြောင်းသိရသည်။

ငရုတ်ကောင်းမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃)တွင် ပြည်သူများ စိတ်အေးချမ်းစွာ မဲပေးလျက်ရှိ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်‌နေ့ ယ‌နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို စတင်ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်‌ကောင်းမြို့၌ ပြည်သူများ စိတ်အေးချမ်းစွာ လာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ပုလောမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများက ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာ ဆန္ဒမဲပေး

ပုလောမြို့နယ်၌ (၂၀၂၅) ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃)ကို ယနေ့နံနက် ၆ နာရီမှ စတင်ကျင်းပပြုလုပ်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ မဲဆန္ဒနယ်မြေအသီးသီးရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြသည်။

လားရှိုးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး ဂန္ဓကုဋိကျောင်းဆောင်တော်၌ (၂၆) ကြိမ်မြောက် နေ့ညအသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး ဂန္ဓကုဋိကျောင်းဆောင်တော်၌ (၂၆) ကြိမ်မြောက် နေ့ညအသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်ကြီးအတွင်း၌ ကျင်းပရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်များ တက်ရောက်ခဲ့သည်။
Subscribe to