ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကိုဇန်နဝါရီ ၂၅ ရက် (ယနေ့)တွင် ကျင်းပပြုလုပ်ရာ နံနက် ၆ နာရီမှ စတင်၍ သက်ဆိုင်ရာ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးလျက်ရှိသည်။
မဲရုံ မဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက လွှတ်တော် တစ်ရပ်စီအတွက် ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးစက်ဖော်ပြသည့်စက်တို့ပါဝင်သော အီလက်ထရောနစ်မဲပေးစက်တို့ကို စနစ်တကျတပ်ဆင်ကာ နံနက်(၆)နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့ရာ မဲဆန္ဒရှင်ပြည်သူများမှ သက်ဆိုင်ရာ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများ၌ လွတ်လပ်စွာဆန္ဒပြုကြသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိပြီး၊ ရပ်ကွက်အလိုက် မဲရုံ ၂၂ ရုံ သတ်မှတ်ထားရှိရာ တစ်မြို့နယ်လုံး မဲဆန္ဒရှင်စာရင်းအရ မဲပေးပိုင်ခွင့် ရှိသူ ၂၆၁၂၁ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ဝေယံ(ပြန်/ဆက်)