ကာမိုင်းမြိုအတွင်းရှိ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများမှ စိတ်ပါဝင်စားစွာ ဆန္ဒမဲပေး

ကာမိုင်း ဇန်နဝါရီ ၂၅

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါဝင်သည့် ကချင်ပြည်နယ် မိုးညှင်းခရိုင် ကာမိုင်းမြို့အတွင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မဲရုံများတွင် ယနေ့နံနက် (၆) နာရီမှ စတင်ကာ မဲဆန္ဒရှင်ပြည်သူများမှ စိတ်ပါဝင်စားစွာဖြင့် ဆန္ဒမဲလာရောက်ပေးလျက်ရှိကြောင်း သိရသည်။

ဦးစွာ မဲရုံမဖွင့်လှစ်မီ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်တို့က အီလက်ထရောနစ်မဲပေးစက် (MEVM) များအား ပါတီကိုယ်စားလှယ်များ၊ လေ့လာစောင့်ကြည့်သူများ၏ ရှေ့တွင် မဲပေးစက်များ စစ်ဆေးခြင်း၊ မဲပေးစက်များစမ်းသပ်ခြင်းနှင့် မဲပေးစက်လုံခြုံရေးကြိုးတပ်ဆင်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး နံနက် (၆) နာရီတိတိတွင် မဲရုံမှူးမှ မဲရုံစတင်ဖွင့်လှစ်ကြောင်း ကြေညာသည်။
ထို့နောက် ဆန္ဒမဲပေးရန် ကြိုတင်စောင့်နေကြသော မဲဆန္ဒရှင်ပြည်သူများက စိတ်အားထက်သန်စွာဖြင့် ဆန္ဒမဲများ လာရောက်ပေးခဲ့ကြကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်သည့် ကာမိုင်းမြို့ပေါ်ရပ်ကွက် (၁) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂) အုပ်စု၊ လီဒိုလမ်းကြောရှိ ကျေးရွာအုပ်စု (၅) အုပ်စုတို့အပါအဝင် မဲရုံစုစုပေါင်း (၁၁) ရုံရှိကြောင်း သိရသည်။

ကာမိုင်း (ပြန်/ဆက်)