ခရမ်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပိုင်း(၃)ကို ကျင်းပပြုလုပ်ရာ မဲရုံများတွင် ပြည်သူများ‌ အေးချမ်းစွာဆန္ဒမဲပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပိုင်း(၃)ကို ယနေ့နံနက်(၆)နာရီအချိန်က စတင်ကျင်းပပြုလုပ်ရာ သက်ဆိုင်ရာမဲရုံများတွင် ပြည်သူများ‌ အေးချမ်းစွာဆန္ဒမဲပေးလျက်ရှိသည်။

ဖားကန့်မြို့၌ ပြည်သူများ အေးချမ်းတည်ငြိမ်စွာ ဆန္ဒမဲပေးလျက်ရှိ

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ယနေ့ နံနက် ၆ နာရီမှ စတင်၍ မဲရုံများဖွင့်လှစ်လျက်ရှိရာ ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲအပိုင်း (၃) တွင် ပါဝင်သည့် ဖားကန့်မြို့နယ်အတွင်းရှိ မဲရုံများ၌ ပြည်သူများမှ တည်ငြိမ်အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

တံတားမြို့အတွင်းရှိ မဲရုံများတွင် ပြည်သူများအေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင်၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ  အပိုင်း(၃)ကို   ယနေ့နံနက်ပိုင်းက   စတင်ကျင်းပရာ   မဲရုံများတွင် ပြည်သူများအနေဖြင့်   အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။ 

ဓနုဖြူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)စတင်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ယနေ့နံနက် (၆)နာရီအချိန်မှစတင်ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများက မဲရုံအသီးသီးတွင် အေးချမ်းစွာဖြင့် ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။

မိုင်းစံမြို့အတွင်းရှိ မဲရုံများတွင် ပြည်သူများ ဆန္ဒမဲပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်းပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိရာ မဲရုံများတွင် ပြည်သူ များအနေဖြင့်အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပ ဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေး

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းတိုင်းဒေသကြီး/ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်အသီးသီးတွင်ကျင်းပဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်း မြို့နယ်တွင် ယနေ့နံနက်(၆) နာရီမှစ၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ရပ်ကွက်/ကျေးရွာများရှိ သက်ဆိုင်ရာ မဲရုံများတွင်သွားရောက်၍ လွတ်လပ်ပျော်ရွှင်စွာ ဆန္ဒမဲပေးလျက်ရှိကြသည်။

ညောင်တုန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃)ကို ယနေ့နံနက် ၆ နာရီအချိန်မှစတင်ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများကမဲရုံ အသီးသီးတွင် လွတ်လပ်စွာဖြင့် ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ယနေ့ ဇန်နဝါရီ (၂၅)ရက် နံနက်(၆)နာရီတွင် စတင်ကျင်းပလျက်ရှိရာ ဒေးဒရဲမြို့နယ်အတွင်းရှိ မဲရုံများ၌မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာစနစ်တကျ ဆန္ဒမဲပေး လာရောက်ပေးလျက်ရှိကြောင်း သိရသည်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကျင်းပသည့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)၌ မဲဆန္ဒရှင်ပြည်သူများ နံနက် ၆ နာရီမှစတင်၍ မြို့နယ်အတွင်းရှိ မဲရုံများ၌ စိတ်အေးချမ်းစွာလာရောက် ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

​ကျိုင်းတောင်မြို့၌မဲဆန္ဒရှင်ပြည်သူများက လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လွတ်လပ်ဆန္ဒမဲပေးခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြီးမှူးကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ယနေ့နံနက် ၆ နာရီကစတင်ကာ မြို့နယ်အတွင်းရှိမဲရုံအသီးသီး၌ မဲရုံမှူးက မဲရုံဖွင့်လှစ်ကြောင်း ကြေညာပြီး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများက လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာသက်ဆိုင်ရာမဲရုံများ၌ ဆန္ဒမဲများပေးလျက်ရှိကြောင်းသိရသည်။
Subscribe to