သာကေတမြို့နယ်ရှိ ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပရာသို့  မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေး

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ်သည်လည်း ပါဝင်လျက်ရှိရာ အဆိုပါ ရွေးကောက်ပွဲအပိုင်း (၃) ကို ဇန်နဝါရီ ၂၅ ရက် နံနက် ၆ နာရီမှ ညနေ ၄ နာရီထိ သာကေတမြို့အတွင်းရှိ  ရပ်ကွက်ပေါင်း (၁၉) မှ  မဲရုံများတွင် ယင်းနေ့နံနက်ပိုင်းကစတင်ပြီး မဲဆန္ဒရှင်ပြည်သူအများအပြားအေးချမ်းစွာဆန္ဒမဲပေးခဲ့ကြသည်။

ဇလွန်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဇလွန်မြို့နယ်၌ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)အောင်မြင်စွာကျင်းပနိုင်ရေးအတွက်၂၀၂၆ ခုနှစ် ဇန်နဝါရီ  ၂၅ ရက်‌ ယ‌နေ့တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲစတင်ကျင်းပသည်။

အုတ်ဖိုမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) တွင် မဲဆန္ဒရှင်ပြည်များ စနစ်တကျစတင်မဲပေးလျက်ရှိ

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ယနေ့နံနက် (၆) နာရီမှ စတင်ကာ နိုင်ငံတစ်ဝှမ်းနေရာဒေသအသီးသီးတွင် တစ်ပြိုင်တည်းကျင်းပလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်ရှိ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ သုံးခွမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ စတင်မဲပေး

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၃)အား ဇန်နဝါရီ(၂၅)ရက်နေ့ ယနေ့တွင် စတင်ကျင်းပလျက်ရှိရာ ရန်ကုန် တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌ ယနေ့ နံနက် (၆)နာရီမှ စတင်ကာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိ‌ကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြိုနယ်၌ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပိုင်း(၃)တွင် မဲရုံများတစ်ပြိုင်နက် စတင်ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အား ဇန်နဝါရီလ ၂၅ ရက်နေ့နံနက် ၆ နာရီမှစ၍ မဲရုံ(၈၇)ရုံတွင် တစ်ပြိုင်နက်တည်း စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

လေးမျက်နှာမြို့၌ မဲဆန္ဒရှင်ပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒမဲပေး

ဒေသအတွင်း မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒအမြင်ကို ဒီမိုကရေစီနည်းလမ်းဖြင့်ဖော်ထုတ်နိုင်ရေးအတွက် အရေးပါသော လုပ်ငန်းစဥ်တစ်ရပ်ဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃)ကို လေးမျက်နှာမြို့၌  ယနေ့နံနက် (၆)နာရီမှစတင်ကျင်းပရာမဲဆန္ဒရှင် ပြည်သူများအနေဖြင့် ငြိမ်းချမ်းစွာဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ

၂၀၂၆ ခုနှစ်၊ဇန်နဝါရီ ၂၅ ရက် ယနေ့တွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲစတင်ကျင်းပရာ  ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်၌   ပြည်သူများလာရောက် မဲပေးလျှက်ရှိသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် မဲရုံများစတင်ဖွင့်လှစ်

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ယနေ့ဇန်နဝါရီလ (၂၅) ရက်တွင် စတင်ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယနေ့နံနက်(၆)နာရီမှ စတင်ကာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြသည်။

မြောက်ဥက္ကလာပမြို့နယ်၌ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအပိုင်း(၃) မဲဆန္ဒရှင်ပြည်သူများဆန္ဒမဲပေး

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင် မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ယ‌နေ့နံနက် ၆ နာရီမှစတင်၍ မြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် မဲရုံအသီးသီးတွင်ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက မိမိကြိုက်နှစ်သက်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာ ဆန္ဒမဲလာရောက်ပေးသည်။

ဒေးဒရဲမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အေးချမ်းစွာဖြင့် စတင်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အား ဒေးဒရဲမြို့နယ်တွင်းရှိ မဲရုံ(၁၆၄)ရုံ၌ ယနေ့ နံနက်(၆)နာရီမှစတင် ဖွင့်လှစ်ခဲ့ပြီး မဲဆန္ဒရှင် ပြည်သူများက အေးချမ်းစွာဖြင့် ဆန္ဒမဲများ စတင်ပေးလျက်ရှိသည်။
Subscribe to