စမ်းချောင်း ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိရာ မဲရုံများတွင် ပြည်သူများအနေဖြင့် ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့် စက်တို့ပါဝင်သော အီလက်ထရောနစ်မဲပေးစက်တို့ကို စနစ်တကျတပ်ဆင်ကာ နံနက် (၆) နာရီတိတိအချိန်တွင် မဲရုံမှူးကမဲရုံဖွင့်လှစ် ပေးခဲ့ပြီး စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများတွင် မဲပေးခြင်းကို စတင်ခဲ့သည်။
စမ်းချောင်းမြို့နယ်တွင် ရပ်ကွက် (၁၈) ရပ်ကွက်ရှိပြီး မဲရုံ ၃၆ ရုံဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများက ဆန္ဒမဲပေးခြင်းကို ရပ်ကွက်အလိုက် မဲရုံများတွင် အေးချမ်းလုံခြုံစွာ မဲပေးနေလျက်ရှိကြောင်း သိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)