လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ပါတီစုံဒီမိုက‌ရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပရာ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများက အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိ

လှိုင်သာယာ ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို မဲရုံများတွင် ယနေ့နံနက် (၆) နာရီမှ စတင်၍ မဲဆန္ဒရှင်ပြည်သူများက မိမိတို့ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို လွတ်လပ်စွာဆန္ဒမဲပေးလျက်ရှိသည်။

လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများသည် နံနက် (၆) နာရီမှ စတင်၍ ဆန္ဒမဲပေးရန်အတွက် သက်ဆိုင်ရာမဲရုံများအလိုက် လာရောက်တန်းစီစောင့်ဆိုင်းလျက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်အတူ မဲစာရင်းများအား တိုက်ဆိုင်စိစစ်၍ လျှို့ဝှက်ဆန္ဒပြုခန်းများ၌ မိမိတို့နှစ်သက်ရာကိုယ်စားလှယ်လောင်းများကို မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လွတ်လပ်စွာ ဆန္ဒမဲပေးလျက်ရှိသည်။

ဆက်လက်၍ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ရပ်ကွက် (၉) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅) အုပ်စုတို့တွင် မဲရုံစုစုပေါင်း (၉၁) ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၁၁၁၉၇၁) ဦးထိရှိကြောင်း သိရသည်။

ခင်၀င်းမူ (ပြန်/ဆက်)