ပုသိမ်ကြီးမြို့နယ်တွင်၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း-၃)ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ(အပိုင်း-၃) ကို ယနေ့နံနက် ၆ နာရီမှစတင်ကျင်းပရာ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိကြကြောင်း သိရသည်။

နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချ‌ရေးဆိုင်ရာ တွေ့ဆုံပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ညနေ ၄ နာရီက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချ‌ရေးဆိုင်ရာ တွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ် ပလောက်မြို့ရှိ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီလ ၂၅ ရက် နံနက် ၆ နာရီ၌ မဲရုံးအသီးသီးအား စတင်ဖွင့်လှစ်ရာ မဲဆန္ဒရှင်ပြည်သူများက အမှတ် (၁) ရပ်ကွက်၊ မဲရုံအမှတ် (၁) တွင် လာရောက်မဲပေးလျက်ရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး ညောင်ရွှေမြို့နယ်အတွင်းရှိ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်အေးချမ်းစွာ ဆန္ဒမဲပေးနေမှုကို ကြည့်ရှုအားပေး

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃)ကို ယနေ့ ဇန်နဝါရီလ (၂၅) ရက်နေ့  နံနက် (၆) နာရီအချိန်မှစတင်ကျင်းပလျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း) တာဝန်ခံဦးခင်မောင်ဦးသည် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မင်းဝင်းနှင့်အဖွဲ့ဝင်များ ညောင်ရွှေမြို့နယ်အတွင်းရှိ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်အေးချမ်းစွာ ဆန္ဒမဲပေးနေမှုကို ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးသည်။

ပေါင်းတည်၌ ဆီထုတ် စာအုပ် ကတ်များဖြင့်စနစ်တကျ စားအုန်းဆီများ ဈေးနှုန်းသက်သာစွာ ရောင်းချပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ရပ်ရွာပြည်သူများသည် ဆီထုတ်စာအုပ်ဖြင့်လည်း‌ကောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ဆီထုတ်ကတ်ပြားများဖြင့်လည်းကောင်း စားအုန်းဆီများကို ကိုယ်စားလှယ်ဆိုင်များမှ ဝယ်ယူနိုင်ကြောင်း သိရသည်။

ညောင်ရွှေမြို့နယ်တွင် ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၃) မဲဆန္ဒရှင်လူငယ်များ၏ စကားသံများ

ညောင်ရွှေမြို့နယ်တွင် ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၃) မဲဆန္ဒရှင်လူငယ်များ၏ စကားသံများ တွေ့ဆုံမေးမြန်း - နေမျိုးသူရိန် မောင်ဝင်းထက်ဗိုလ် (နန္ဒဝန်ရပ်) ကျွန်တော့်အနေနဲ့ ပထမဆုံး ဆန္ဒမဲပေးခြင်းဖြစ်ပါတယ်၊ ကိုယ်ကြိုက်တဲ့ ပါတီကိုပဲ လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ပါတယ်၊ ကျွန်တော်တို့ လူငယ်တွေအတွက် အကောင်းဆုံးကို ဖန်တီးပေးနိုင်မယ့် အစိုးရတစ်ရပ်ပေါ်ပေါက်လာမယ်လို့ပဲ မျှော်လင့်ပါတယ်။

မင်းဘူးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် စာပေထူးချွန်နှင့် ဘက်စုံထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် NO.1 ကိုယ်ပိုင် အထက်တန်းကျောင်း(စကု)မှ ဦးဆောင်ကျင်းပသည့် စာပေထူးချွန်နှင့် ဘက်စုံထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မင်းပူးဦးဩဘာသမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအဖွဲ့ဝင်၊ စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ ဒေးဒရဲမြို့နယ်အတွင်းရှိ မဲရုံများ၌ ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲလာရောက်ပေးနေမှုအား ကြည့်ရှုအားပေး

(၂၀၂၅) ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃)တွင်ပါဝင်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မဲရုံများ၌ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲလာရောက်ပေးနေမှုအားယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့ကျက်သရေဆောင် မင်းလင်္ကျာ မင်းလက်ဝဲ စေတီများအား ပြန်လည်မွမ်းမံ ရွှေသင်္ကန်းကပ်လှူ

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည် ဗုဒ္ဓမြတ်စွယ်တော်တိုက် ဝင်းအတွင်းရှိ မြို့ကျက်သရေဆောင် သမိုင်းဝင် မင်းလင်္ကျာ မင်းလက်ဝဲ စေတီနှစ်ဆူအား ပြန်လည်မွမ်းမံ ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်‌စေရန် အလှူခံဌာနဖွင့်လှစ်ထားရှိရာ ပြည်သူအများ ထည့်ဝင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်ရှိ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အတွက် ဆန္ဒမဲပေးခြင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက် ယနေ့နံနက် ၆ နာရီအချိန်မှ စတင်၍သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများရှိမဲရုံအသီးသီးတွင် ပြုလုပ်လျက် ရှိရာ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
Subscribe to