ငပုဝောာမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပ ပြည်သူများစိတ်အေးချမ်းစွာ လာရောက်မဲပေး

၂၀၂၆ခုနှစ် ဇန်နဝါရီ၂၅ရက်‌တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကျင်းပရာ  ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်၌   ပြည်သူများစိတ်အေးချမ်းစွာ လာရောက်မဲပေးလျှက်ရှိကြောင်း သိရသည်။

ရေကြည်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)စတင်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃)ကို ယနေ့နံနက် (၆)နာရီအချိန်မှစတင်ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများက မဲရုံအသီးသီးတွင် အေးချမ်းစွာဖြင့် ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သိရသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေး

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း (၃)ကို ယနေ့ဇန်နဝါရီလ ၂၅ ရက်နေ့နံနက် ၆ နာရီမှ စတင်ကျင်းပလျက်ရှိရာ ရှမ်းပြည် နယ်အတွင်း ရွေးကောက်ပွဲအပိုင်း (၃)တွင်ပါဝင်သည့်  ညောင်ရွှေမြို့နယ် အပါအဝင်မြို့နယ် (၉)မြို့နယ်ရှိမဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်စုများရှိ မဲရုံများတွင်လွတ်လပ်စွာ၊ အေးချမ်းစွာ စည်းကမ်းစနစ်ကျစွာဖြင့် ဆန္ဒမဲပေးလျက်ရှိကြောင်းသိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာဆန္ဒမဲပေး

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)အတွက်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက်(၆)နာရီ မဲရုံဖွင့်လှစ်မှစတင်ကာ မြို့ပေါ်ရပ်ကွက်မဲရုံများ၊ တပ်နယ်မဲရုံများ၊ ကျေးရွာမဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိသည်။

ဟိုင်းကြီးကျွန်းမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံအသီးသီး၌ ဆန္ဒမဲပေးသူများပြား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အား ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ မဲရုံ(၆၈)ရုံ၌ ယနေ့နံနက် (၆)နာရီမှစတင် ဖွင့်လှစ်ခဲ့ရာ ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ မဲရုံအသီးသီး၌ ဆန္ဒမဲပေးသူများဖြင့် စည်ကားလျက်ရှိသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဖြူးမဲဆန္ဒနယ်မြေတွင် ဆန္ဒမဲများ စတင်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီလ (၂၅) ရက်နေ့၊ နံနက် (၆) နာရီမှ မဲရုံများစတင်ဖွင့်လှစ်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပ ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာ ဆန္ဒမဲပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ယနေ့နံနက် (၆) နာရီတွင် စတင်ကျင်းပခဲ့ပြီး ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ မဲပေးပိုင်ခွင့်ရှိသူပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေး

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် ဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ မြို့နယ်အသီးသီး၌ ဇန်နဝါရီ ၂၅ ရက် နံနက် ၆ နာရီမှစတင်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ လွတ်လပ်စွာဆန္ဒမဲများပေးလျက်ရှိရာ မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်လည်း မဲပေးပိုင်ခွင့်ရှိသူပြည်သူများ မဲရုံအသီးသီး၌ လွတ်လပ်စွာလာရောက်မဲ ပေးလျက်ရှိကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

‎ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အတွက် ဆန္ဒမဲပေးခြင်းကို ယနေ့၊ နံနက် (၆) နာရီအချိန်မှ စတင်ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာတို့၌ ဖွင့်လှစ်ထားသော မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ် ရပ်ကွက်ကျေးရွာများတွင် လွတ်လပ်စွာတန်းစီ၍ ဆန္ဒမဲလာရောက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to