လွယ်ဂျယ်မြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

လွယ်ဂျယ် ဖေဖော်ဝါရီ ၁၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၌ ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ပွဲကိုဖေဖော်ဝါရီ ၁၂ ရက် ညနေ ၄ နာရီခန့်က ရပ်ကွက်(၃) အားကစားကွင်း၌ ကျင်းပသည်။

ဆုချီးမြှင့်ပွဲတွင် အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုရ L.Z (FC) အသင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းက ဆုဖလားကိုလည်းကောင်း၊ နယ်မြေခံတပ်ရင်း

မှူးက ဆွဲပြားများကိုလည်းကောင်း၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းတာ၏ ဝန်ခံဒုတိယ ညွှန်ကြားရေးမှူး ဦးနေသူအောင်က ငွေသားဆုကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ပြီး ဒုတိယ၊ တတိယဆုနှင့် အကောင်းဆုံးအားကစားသမားဆုများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများနှင့် အကောင်းဆုံးကစားသမားဆုများကို တာဝန်ရှိသူများက ဆုများထိုက်ထိုက်တန်တန် ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

လွယ်ဂျယ် (ပြန်/ဆက်)