ပုသိမ်ကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန( Community Centre )၌ မြန်မာကလေးများနေ့ အကြောင်းအသိပညာပေးTalk Show ဆောင်ရွက်

ပုသိမ်ကြီး ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊    ပုသိမ်ကြီးမြို့နယ် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၌ ယနေ့နေ့လယ် ၁ နာရီအချိန်က မြန်မာကလေးများနေ့အကြောင်းအသိပညာပေး Talk Show  ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး  Talk Show တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး နှင့် မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင်   စာရေးဆရာမစုလှိုင်(ပြန်/ဆက်)တို့က ‘’ဖေဖော်ဝါရီ ဆယ့်သုံးဟာ ဗိုလ်ချုပ်မွေးနေ့ပါ၊တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး ရှေ့နေဖာသား ဇာတိနတ်မောက် မကွေးခရိုင် သိကြများခုတိုင် ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား မိခင်ဒေါ်စုသားဆိုတဲ့’’ ကဗျာလေးကို ကျွန်မတို့တတွေ ကလေးကတည်းက ရွတ်ဆိုခဲ့ကြတာ၊ အခုထိလည်းရွတ်ဆိုနေကြတာ အားလုံးမှတ်မိကြမှာပါ။ ဒီနေ့ဟာကျွန်မတို့ ချစ်ခင်လေးစားရတဲ့ နိုင်ငံ့ခေါင်းဆောင်များထဲက တစ်ဖြစ်တဲ့နိုင်ငံအတွက် ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ ဖြစ်ပါကြောင်း၊ ၁၉၅၇ ခုနှစ်တွင် ဗိုလ်ချုပ်မွေးနေ့ အခမ်းအနားအားကျင်းပခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက်နေ့အား မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ခဲ့ကြကြောင်း စသည့်အကြောင်း အရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 မြို့နယ်ပြန်/ဆက်