မာန်အောင်မြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် မြို့နယ်အခွန်ဦးစီးဌာနမှူး ရုံးဝန်ထမ်းများအား စာအုပ်စာစောင်များ(အခမဲ့) ငှားရမ်းဆောင်ရွက်

မာန်အောင်  ဖေဖော်ဝါရီ ၁၃

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့ အလုပ်မအားလပ်၍ မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံး ဝန်ထမ်းများနှင့် စာဖတ်ပရိသတ်များအား စာပေဖတ်ရှုမှု အဆင် ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက်(အခမဲ့)ငှားရမ်း ဝန်ဆောင်မှုပေးလျက်ရှိရာ ယနေ့ မွန်းလွဲ ၁နာရီက မြို့နယ် အခွန်ဦးစီးဌာနမှူး ရုံးဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးခဲ့သည်။

မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးရာတွင် သုတ/ရသ/ဝတ္တုစာအုပ်များ၊မဂ္ဂဇင်းစာအုပ်များကို တစ်ပတ်ငှားရမ်းပြီး တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်ဖြင့် ပြန်လည်လဲလှယ်ငှားရမ်းပေးသည့် စနစ်ဖြင့်(အခမဲ့) ငှားရမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)