ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင်  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများဆောင်ရွက်

ဝမ်းတွင်း ဖေဖော်ဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာတစ်ရွာလျှင် စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် သိန်း (၁၀၀) နှင့် ကျေးရွာလူထု ထည့်ဝင်ရန်ပုံငွေတို့ဖြင့်  မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်တွင် မြို့နယ်အတွင်းရှိ  ရွှေတောင်ကျေးရွာအုပ်စု ရွှေတောင်ကျေးရွာနှင့် ညောင်ပင်သာအုပ်စု ဆည်းကျေးရွာများတွင် ကျေးရွာတစ်ရွာလျင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ ငွေကျပ်သိန်း (၁၀၀) နှင့် ကျေးရွာလူထုထည့်ဝင်ငွေ သန်းတို့ဖြင့် အရှည်ပေ ၆၅၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး ကျေးရွာသူကျေးရွာသားများက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်၍  ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ၎င်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများမှာ ပြီးစီးပါက ၎င်းကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၃၃၆ လူဦးရေ ၁၅၇၈ ဦးတို့မှာ ရာသီမရွေး သွားလာရ အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)