စဉ့်ကိုင် ဖေဖော်ဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တရုတ်စုအခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တို့ ပူးပေါင်း၍ မြို့နယ်ပြည်သူ့ စာကြည့်တိုက် Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ (၂) နာရီက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြာပွဲဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် မူလစိတ်ကို ပြောင်းလဲစေပြီး မိသားစု ပြဿနာများ ပေါ်ပေါက်နိုင်ပါကြောင်း၊ မူးယစ်ဆေးဝါးကို သဘာ၀မူးယစ်ဆေးနင့် ဓာတုဗေဒ နည်းအရ ပြန်လည်ပြုပြင်ဖော်စပ်ထားသော ဆေးများရှိသည်။ အပြင်းစားနှင့် အပျော့စားဟူ၍ နှစ်မျိုးခွဲခြားနိုင်ပြီး အပျော့စားမူးယစ်ဆေးမှာ ဆေးခြောက်ဖြစ်ပြီး အပြင်းစားမူးယစ်ဆေးများမှာ ဘိန်း၊ မော်ဖင်း၊ ဘိန်းဖြူ စသည်တို့က အပြင်းစားမူးယစ်ဆေးများဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲ ခြင်းကြောင့် စိတ်ကျရောဂါ၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ ပြင်းထန်စွာစိုးရိမ်ကြောင့်ကြမှုဖြစ်ခြင်း မိမိကိုယ်ကိုမိမိ သတ်သေခြင်း၊ ရာဇ၀တ်မှုမျိုးစုံ ကျူးလွန်နိုင်ခြင်းတို့ဖြစ်တတ်သည့်အတွက် မူးယစ်ဆေးဝါးကို တစ်မ္ဘာလုံး၏ ဘုံရန်သူအဖြစ် သတ်မှတ်ပြီး ပြည်သူလူထုအားလုံးကလည်း ပူးပေါင်းပါ၀င်ဆောင်ရွက်ပေးကြရန် ဟောပြောခဲ့သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က မူးယစ်ဆေးဝါးအန္တရယ် တားဆီး ကာကွယ်ရေးအနေဖြင့် ပြည်သူများ၊ လူငယ်၊ လူရွယ်များ သိရှိလိုက်နာစေရန် အသိပညာပေး ဟောပြောပွဲများ၊ လက်ကမ်းစာစောင်များ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံများဖြင့် အသိပညာပေး ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းကို ဟောပြောခဲ့ကြောင်း သိရသည်။
ကျော့မူယာမောင်