ကျိုင်းလပ်မြို့၌ စာဖတ်ဝိုင်းပြုလုပ်

ကျိုင်းလပ် ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းတို့ပူးပေါင်းပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် "အားတင်းထား" စာအုပ်ဖြင့် ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ကျိုင်းလပ်​မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်မေဇင်ဦးက စာဖတ်ခြင်းမှရရှိသော အကျိုးကျေးဇူး များသည်များလှကြောင်း၊ လူငယ်များအနေဖြင့် စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိပြီး စာပေဖတ်ရှုသင့်ပါကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book   Club) အသင်းဝင် ဒေါ်ရာခေလှ က စာရေးဆရာ  ချစ်နိုင်(စိတ်ပညာ)၏ "အားတင်းထား" စာအုပ်ထဲမှ “ပညာနဲ့ငွေ၊ အားတင်းထား‌” ခေါင်းစဉ်တို့ကိုဖတ်ကြားပြီး တက်ရောက်လာသော စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ မှလည်း အပြန်အလှန် ဖတ်ကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မေဇင်ဦး(ပြန်/ဆက်)