ငဖဲမြို့နယ်တွင် နွေနှမ်းသီးနှံနှင့် ဆောင်းသီးနှံစိုက်ပျိုးမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ငဖဲ ဖေဖော်ဝါရီ ၁၄

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံစေရေး၊ စားနပ်ရိက္ခာဖူလုံစေရေးနှင့် စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးအတွက် ပေါင်းကလေးကျေးရွာအုပ်စု၊ အောင်ပင်လယ်ကျေးရွာနှင့် ဇီးတောကျေးရွာအုပ်စု ရှောက်ဝကျေးရွာတို့မှ ဒေသခံတောင်သူများ မြေအောက်ရေဖြင့် ရေတင်စိုက်ပျိုးနေသည့် နွေနှမ်းသီးနှံနှင့် ဆောင်းသီးနှံများဖြစ်သည့် နေကြာသီးနှံ (ဆောင်း)၊ ကုလားပဲ၊ မတ်ပဲနှင့် မြေပဲ စသည့်သီးနှံများ စိုက်ပျိုးဆောင်ရွက်နေမှုအား ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့က ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၊ မြို့နယ်စီမံကိန်းဦးစီးဌာန ဦးစီးမှူး ဦးနေမျိုးနန္ဒ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်လင်းထွန်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးမြင့်သိန်းတို့ ပူးပေါင်းကွင်းဆင်း၍ နွေနှမ်းသီးနှံနှင့် ဆောင်းသီးနှံများစိုက်ပျိုးဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မြေအောက်ရေသွင်း၍ နွေနှမ်းသီးနှံစိုက်ပျိုးနည်းစနစ်များ၊ ဆီထွက်သီးနှံနေကြာ အောင်မြင်ဖြစ်ထွန်းရေးနှင့် အထွက်နှုန်းကောင်းမွန်ရေး၊ သားခွဲခြင်း၊ မြေဩဇာကျွေးနည်းစနစ်များနှင့် ပိုးသတ်ဆေးဖျန်းခြင်းတို့ကို တောင်သူများအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)