သံတွဲမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စင်တော်ကောက်ဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

သံတွဲ ဖေဖော်ဝါရီ 

သံတွဲမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စင်တော်ကောက်ဖလား မျိုးသားပိုက်ကျော်ခြင်း ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက နန်းချောင်းကျေးရွာ စင်တော်ကောက်ဆီဆိုင်ကွင်း၌ ကျင်းပပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့ကြသည်။

အဆိုပါ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စင်တော်ကောက်ဖလားမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဖေဖော်ဝါရီ ၆ ရက်နေ့မှ စတင်ကျင်းပရာ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွက် အန်တီဝင်းအသင်းနှင့် ကမ်းခြေဦးအသင်းတို့ ဗိုလုပွဲယှဉ်ပြိုင်ကစားကြရာ အန်တီဝင်းအသင်းက (၃) ပွဲပြတ်ဖြင့် ပထမဆုဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဆုပေးပွဲကို ကျင်းပပြုလုပ်ရာ ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အကောင်းဆုံး ကစားသမားဆုရရှိသူများအား   ပထမဆု ၁၅ သိန်း၊ ဒုတိယဆု ၅ သိန်း ၊ တတိယဆု ၃ သိန်းကျပ်နှင့် အကောင်းဆုံးကစားသမားဆု ၄ ဆုအား တစ်ဆုလျှင် ၁ သိန်းကျပ်နှင့် ထပ်ဆောင်းဆုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် () ဒုတိဃဗိုလ်မှူးကြီးဝင်းဗိုလ်နှင့် အဖွဲ့ဝင်များ၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ စင်တော်ကောက်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းရွှေ၊ စင်တော်ကောက်ကုမ္ပဏီမှ ဒါရိုက်တာ  ဒေါ်မီမီသွင်၊ မြို့မိမြို့ဖများနှင့် အလှူရှင်များက ထိုက်ထိုက်တန်တန်ချီးမြှင့်ပေးသွားခဲ့ကြကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရှိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်းမှာ အားကစားကိုချစ်မြတ်နိုးစွာဖြင့် အားကစား သမားအချင်းချင်း ချစ်ခင်ရင်းနှီးမှုရရှိစေပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာရေးတို့ အတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)