လဟယ် ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် လူမှု၀န်ထမ်းဦးစီးဌာန၊ လဟယ်မူလတန်းကြို ကျောင်းတွင် ကလေးများနေ့ အထိမ်းအမှတ် ပန်းချီ၊ ကဗျာ၊ သီချင်း၊ ပုံပြောပြိုင်ပွဲများကို ယမန်နေ့ နံနက် (၁၀)နာရီ အချိန်တွင် လဟယ်မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲကို လဟယ်မူလတန်းကြိုကျောင်း အကြီးတန်းအဆင့်မှ မူကြိုကျောင်းသီးချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပြိုင်ပွဲ စတင်ခဲ့ရာ အကြီးတန်းအငယ်တန်း မူကြိုကလေးငယ်များမှ တစ်ဦးချင်း ဖြင့်လည်းကောင်း၊ အဖွဲ့လိုက်ဖြင့် လည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါ ပြိုင်ပွဲတွင် ဆုရှိကြသော မူကြိုကလေးငယ်များအား ဆုများအသီးသီးချီးမြှင့် ပေးခဲ့ကြပြီး ကျောင်းသား မိဘများ၊ မူကြိုကလေးငယ်များအား အာဟာရဒါနဖြင့် ကြက်သား ဆန်ပြုတ်တိုက်ကျွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)