ပြင်ဦးလွင်မြို့ရှိ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (B.E FALLS) တွင် Sky Cable Car ကို စတင်ဖွင့်လှစ်ပြေးဆွဲနေပြီဖြစ်

ပြင်ဦးလွင် ဖေဖော်ဝါရီ ၁

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ၊ ပြင်ဦးလွင်-လားရှိုး ကားလမ်းမကြီးအနီးရှိ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (B.E FALLS) တွင် Sky Cable Car ကို စတင်ဖွင့်လှစ်ပြေးဆွဲနေပြီ ဖြစ်ကြောင်းသိရသည်။

အဆိုပါ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS) အား နိုင်ငံတကာအဆင့်မီ အပန်းဖြေ စခန်းတစ်ခုအဖြစ် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါတွင် ပွဲကောက်ရေတံခွန်မှ ရှုခင်းအလှအပများကို အမြင့်မှ ကြည့်ရှုခံစားနိုင်ကာ  စိတ်လှုပ်ရှားဖွယ် လိုက်ပါစီးနင်းနိုင်မည့် Sky Cable Car  Service အား (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ် ပြေးဆွဲခြင်း ဖြစ်ကြောင်း သိရသည်။

ပွဲကောက်ရေတံခွန်သို့ လာရောက်လည်ပတ်သူများ ပိုမိုစိတ်အပန်းပြေစေရန် ရည်ရွယ်၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား တိုးချဲ့ဆောင်ရွက်လျက်ရှိရာ မှန်တံတား၊ ကြိုးတံတားများ အပြင် log housecoffee shop၊ တောတွင်းလျှောက်လမ်းများ၊ အပန်းဖြေနေရာများ၊ ကလေးကစားကွင်းများ ၊ ပန်းအလှပျိုးပင်စိုက်ကွက်များ စသည်ဖြင့်  ပြည့်စုံအောင် ထည့်သွင်း အဆင့်မြှင့်တင်ထားရှိသည့်အပြင် ယခုအခါတွင် အရှည် ၅၅၄ မီတာရှိ Sky Cable Car ကိုပါ ထပ်မံတိုးချဲ့  ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ Sky Cable Car သည် အသွားအပြန်လမ်းကြောင်းအားဖြင့်  ,၁၀၈ မီတာ ရှည်လျားပြီး Drive Station House Return Station House တာဝါ ၆ ခုပါဝင်ကာ ကောင်းကင်ကြိုးဝိုင်းတွင် လူလေးဦးလိုက်ပါစီးနင်းနိုင်သည့် Cabin အတွဲပေါင်း ၃၆ လုံး တပ်ဆင်ထားကြောင်း သိရသည်။ အသွားအပြန် ခရီးစဉ်တစ်လျှောက် ကြာမြင့်ချိန်မှာ ၂၄ မိနစ်ခန့်ဖြစ်ပြီး Sky Cable Way တည်ဆောက်မှု၊ စမ်းသပ်မောင်းနှင်မှု၊ အန္တရာယ်ကင်းရေး ကြိုတင်ကာကွယ်မှုနှင့် အရေးပေါ်ကယ်ဆယ်ရေးလေ့ကျင့်မှုများအားလုံး အောင်မြင်စွာ စစ်ဆေး ပြီးစီးပြီးဖြစ်ကာ လာရောက်သူများနှင့် အပန်းဖြေသူများသည် ကောင်းကင် Cable ကား (Sky Cable Car) ကို အန္တရာယ်ကင်းစွာ စီးနင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)