ဘောလခဲ ဖေဖော်ဝါရီ ၁၅
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ပူပြင်းခြောက်သွေ့သော နွေရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် ဈေးရုံးဌာနများနှင့် နေအိမ်များ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် သရုပ်ပြသခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဘောလခဲ ခရိုင်အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ မီးသတ်ယာဉ်နှစ်စီးနှင့်စည်ပင်ရေတင် ယာဉ်နှစ်စီးဖြင့် မြို့မစျေးမီးငြှိမ်းသတ်မှု သရုပ်ပြလက်တွေ့ဆောင်ရွက်ခြင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးဦးဇော်ထက်က မီးသတ်ဆေးဗူး အသုံးပြုပုံနှင့် မီးသတ်ဆေးအကြောင်း သရုပ်ပြရှင်းလင်းဟောပြောပြီး မီးလောင်မှုဖြစ်ပွားလျှင် မီးသတ်ဦးစီးဌာနမှ ရောက်မလာခင် စျေးတွင်း၊ရုံးဌာနများနှင့် နေအိမ်များသို့ ကူးစက်မှုမဖြစ်ပွားစေရေး ရေပုံးလေ့ကျင့်သရုပ်ပြဖြင့် ကနဦး မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်နည်းတို့ကို သရုပ်ပြခဲ့ပြီး ခရိုင်အထွေထွေ အုပ်ချုပ်ရေး ရုံးတွင်းရှိဝန်ထမ်းများက ပါဝင်သရုပ်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ ဇတ်တိုက်လေ့ကျင့်သရုပ်ပြသမှုအခမ်းအနားကို ဘောလခဲခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုး၊ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းအောင်၊ ခရိုင်မီးသတ်တပ်ဖွဲ့မှူး လက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးမင်းသိန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်း ဝန်ထမ်းများ အားလုံး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဘောလခဲ(ပြန်/ဆက်)