နောင်ချို ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် ဓာတ်ပုံပြပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် နံရံကပ်ပြဘုတ်ဖြင့်ပြသခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၈ ရက်ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများတွေ့ဆုံမှုမှတ်တမ်းပုံများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် နံရံကပ်ပြဘုတ်တွင် ဝေဝေဆာဆာထည့်သွင်းဖော်ပြထားပြီး မြို့နယ်အတွင်းရှိ လမ်းသွားလမ်းလာပြည်သူများ၊ လူငယ်လူရွယ်များ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထွေးငယ်