ပုဏ္ဏားကျွန်းမြို့နယ် ရဟတ်တောင်ကျေးရွာ မြစိမ်းရောင်စီမံကိန်းအား ကွင်းဆင်းစစ်ဆေး

ပုဏ္ဏားကျွန်း ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်  မြစိမ်းရောင်စီမံကိန်း လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ပုဏ္ဏားကျွန်းမြို့နယ်၊ ရဟတ်တောင်ကျေးရွာအတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ယမန်နေ့က ဦးအောင်ကျော်ငြိမ်း (ဦးစီးအရာရှိ-နည်းပညာ) နှင့်အဖွဲ့ ကျေးရွာအရောက် ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းဖြင့် လုပ်ငန်းလည်ပတ်နေသူ ၁၄၈ ဦးရှိပြီး၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူ ၁၀၃ ဦး၊ မွေးမြူရေးလုပ်ငန်းရှင် ၃၅ ဦး၊ ရေလုပ်ငန်း လုပ်ကိုင်သူ ၃ ဦး၊ ရောင်းဝယ်ရေးလုပ်ငန်းရှင် ၅ ဦးနှင့် သက်မွေးဝမ်းကျောင်းလုပ်ငန်းရှင် ၂ ဦး၊ စုစုပေါင်း (၁၄၈)ဦးတို့ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြစိမ်း ရောင်စီမံကိန်းရန်ပုံငွေ ကျပ်သန်း(၃၄.၅)သန်းဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)