ပွင့်ဖြူ ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်းရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာအုပ်စု၊ ရွာထောင်ကျေးရွာ၌ ကျေးရွာတွင်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဖေဖော်ဝါရီ ၁၄ ရက်၊ မွန်းလွဲ ၁ နာရီက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများက ပွင့်ဖြူမြို့နယ် ကန်နီကျေးရွာတွင် ဒေသခံပြည်သူများ ရာသီမရွေး သွားလာရေး အဆင်ပြေစေရန်အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်းရန်ပုံငွေကျပ် သိန်း (၁၀၀)ဖြင့် ကျေးရွာတွင်းလမ်းအရှည်ပေ ၄၅၀၀ အား လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့်ထု ၆ လက်မ မြေနီကျောက်စရစ် လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းနှင့်စပ်လျဉ်းပြီး ကြည့်ရှုစစ်ဆေးရာ ကျေးရွာစီမံကိန်းလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များက လုပ်ငန်းအားသာချက်၊ အားနည်းချက်များကို ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြပြီးမြို့နယ်ဦးစီးမှူးက စီမံကိန်းလုပ်ငန်းများ ရေရှည်အသုံးပြုနိုင်ရေး ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။
ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာအုပ်စု ရွာထောင်ကျေးရွာ၌ ကျေးရွာတွင်းလမ်းအရှည်ပေ ၄၅၀၀ အား လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့် ထု ၆ လက်မ မြေနီကျောက်စရစ်လမ်းခင်းခြင်း လုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်း ရန်ပုံငွေကျပ် သိန်း(၁၀၀) အသုံးပြု၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၅ ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ကျေးရွာရှိ အိမ်ခြေ ၁၈၀ အိမ်၊ လူဦးရေ ၇၂၇ ဦးအတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်မည့်အပြင် ကျေးလက်ဒေသ ထွက်ကုန်များကိုလည်း လွယ်လင့်တကူ သယ်ယူပို့ဆောင်ရောင်းချ သွားနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)