ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်

ညောင်တုန်း ဖေဖော်ဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားပြီး ဦးစီးဌာန၏ (၃၂)နှစ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်မှာကြားချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဆုံးဖြတ်ချက်များ၊ ၂၀၂၂ ခုနှစ်အတွင်းထုတ်ပြန်ခဲ့သော အမိန့်၊ ညွှန်ကြားချက်များ စသည့်အကြောင်းအရာများအား ဝန်ထမ်းတစ်ဦးချင်းအလိုက် ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး