မိုင်းခုတ် ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စုတွင် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေကို ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့စစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးအောင်ဟိန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ ဉီးအားလွန်၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးရေးဉီးစီးဌာန၊ ဉီးစီးမှူး ဉီးခင်မောင်တိုး၊ ခရိုင် ကျေးလက်လမ်းဉီးစီးဌာန၊ ဉီးစီးမှူး ဉီးမျိုးသန့်၊ ခရိုင်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ဉီးစီးမှူး ဉီးစိုးလွင်၊ ခရိုင်စိုက်ပျိုးရေးဉီးစီးဌာန၊ ဉီးစီးမှူး ဉီးထွန်းလွင်၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဉီးစီးဌာန၊ ဉီးစီးမှူး ဉီးကျော်ခိုင်မြင့်နှင့် တာဝန်ရှိသူတို့လိုက်ပါလျက် မိုင်းလုံးကျေးရွာအုပ်စုအတွင်းရှိ လယ်မြေဧက(၁၂၀)ကို စိုက်ပျိုးရေ လုံလုံလောက်လောက်ပေးဝေနိုင်မည့် ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဉီးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်(၈၅)သန်းဖြင့် တည်ဆောက်နေသော နမ့်လုံးချောင်း ရေလွှဲဆည်ရေထိန်းတံခါးနှင့် တူးမြောင်း ရေသောက်စနစ်တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့် တွေ့ဆုံကာ ဆောင်ရွက်ပြီးသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့ အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန်မှာကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ် ၁၄၈ ဒဿမ ၈၉၇ သန်းဖြင့် မင်းမြန်မာထွန်းကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်နေသည့် ဝမ်ပြန်-အမ်ကျေးရွာချင်းဆက်မြေသားလမ်း(၃/၃)မိုင်တွင် (၀/၁)မိုင် ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းမှာကြားခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)