(၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် ဓာတ်ပုံများနှင့် လွတ်လပ်ရေးနေ့ဂုဏ်ပြုဆောင်းပါးများ နံရံကပ်ပြဘုတ်တွင် ပြသ

ချမ်းအေးသာစံ ဖေဖော်ဝါရီ ၁၆

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ရက်နေ့တွင် ကျရောက်မည့်  (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံ ရေးထူထောင်မှုအထိမ်းအမှတ် ဓာတ်ပုံများနှင့် လွတ်လပ်ရေးနေ့ဂုဏ်ပြုဆောင်းပါးများကို ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် လေ့လာကြည့်ရှုနိုင်စေရန် မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နံနက်ပိုင်းက ပြသပေးထားကြောင်း သိရသည်။

အဆိုပါမြေစိုက်နံရံကပ်ဘုတ်တွင်(၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းပုံများ၊ ရုရှား-မြန်မာ ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများ၊ လေ့လာရေး ခရီးစဥ်မှတ်တမ်းများ စသည်ဖြင့် ဓာတ်ပုံ(၂၀)ကို ပြသထားသည်။

ထို့ပြင် “၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့”ကို ဂုဏ်ပြုသောအားဖြင့် ဆောင်းပါးရှင် တက္ကသိုလ်မြတ်သူရေးသားသော အံ့ဩဘွယ်မကုန် ပိတိရသဖြင့် ဆင်နွဲခဲ့သည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အောင်ပွဲ အထူးဆောင်းပါး၊ ဆောင်းပါးရှင် မြင်းမူမောင်နိုင်မိုးရေးသားသည့် စည်းလုံးညီညွတ် အောင်ပန်းဆွတ်စို့ အထူးဂုဏ်ပြုဆောင်းပါး၊ ဆောင်းပါးရှင် မိုးကေနိုင်ရေးသားသည့် လွတ်လပ်ရေးနေ့ ဥပစာရင်ပြင်မြင်ကွင်းများနှင့်အတူ နှစ်ရာထောင်မက ကမ္ဘာတည်သရွေ့တည်နေမည့် မြန်မာဆောင်းပါးကိုလည်း ပြသထားကြောင်း သိရသည်။

ထိပ်ထားနိုင် (ပြန်/ ဆက်)