မိုးညို ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးခဲ့ရာတွင် ကျေးရွာ၊ အုပ်စုများ၌ ဖူးစားပြောင်းနှင့်အစေ့ထုတ်ပြောင်း ၅၈၃၈ ဧက စိုက်ပျိုး ထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဖူးစားပြောင်းနှင့် အစေ့ထုတ်ပြောင်းများကို မြို့နယ်အတွင်းရှိ ပေါက်ကုန်းအုပ်စု၊ ညောင်ဝိုင်း အုပ်စု၊ အိုးဘိုကျွန်းအုပ်စု၊ ဝဲကြီးအုပ်စု၊ ရေကင်းအုပ်စု၊ စပါယ်မျှောင်အုပ်စု၊ ဆုံကုန်းအုပ်စု၊ မြေဇာအုပ်စုတို့တွင် ဖူးစားပြောင်း ၃၆၃ ဧက၊ အစေ့ထုတ်ပြောင်း ၅၄၇၅ ဧက၊ စုစုပေါင်း ၅၈၃၈ ဧကတို့မှာ အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ခဲ့သည့်အတွက် လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်လည်း တိုးချဲ့စိုက်ပျိုးနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး ဦးစီးဌာန အနေဖြင့် တောင်သူများ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လက်ခံစိုက်ပျိုး လာစေရန်၊ တောင်သူဝင်ငွေပိုမိုရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိပြီး တောင်သူအသိပညာ ပေးဆွေးနွေးပွဲများ၊ နည်းပညာဖြန့်ဝေပေးခြင်းလုပ်ငန်းများကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုမင်း(ပြန်/ဆက်)