ကျောက်ဆည်မြို့နယ်တွင် နွေစပါးသီးနှံ(၅၅၃)ဧက စိုက်ပျိုးသွားမည်ဖြစ်

ကျောက်ဆည် ဖေဖော်ဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ နွေစပါးသီးနှံ(၅၅၃)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နွေစပါးသီးနှံများ စိုက်ပျိုးရာတွင် ဆည်ရေသောက်စနစ်၊ စက်ရေတွင်း(မြေအောက်ရေသောက်) စနစ်များဖြင့် စိုက်ပျိုးသွားမည်ဖြစ်ကာ ဇော်ဂျီဆည်ရေသောက်စနစ် မင်းရဲစိုက်ပျိုးရေပေးမြောင်း၌ (၁၀၀)ဧက၊ သင်းတွဲစိုက်ပျိုးရေပေးမြောင်း၌ (၂၅၀)ဧက၊ တမုတ်စိုက်ပျိုးရေပေးမြောင်း၌ (၁၅၀)ဧကနှင့် စက်ရေတွင်း(မြေအောက်ရေသောက်)စနစ်၌ (၅၃)ဧက စုစုပေါင်း (၅၅၃)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

နွေစပါးသီးနှံစိုက်ခင်းများ အောင်မြင်စွာစိုက်ပျိုးနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပြည့်ဝစွာ အလှည်ကျစနစ်ဖြင့် ပေးဝေသွားမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့်ကိုက်ညီသည့် စပါးမျိုးများနှင့်စိုက်နည်းစနစ်များ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင် (ပြန်/ ဆက်)