ရမည်းသင်း ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ စာကြည့်တိုက်များ ရှင်သန်ရေးညှိုနိုင်းဆွေးနွေးပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲတို့ကို ယနေ့နံနက်၁၀နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက စာကြည့်တိုက်များ ရှင်သန်ခိုင်မာစေရေး၊ စာဖတ်ရှိန်မြှင်တင်ရေး ရှင်းလင်း ဆွေးနွေးပြောကြားပြီး ဒုတိယဦးစီးမှူးဒေါ်နှင်းယုအေးမှ စာပြု၊စာစုလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးသည်။
အဆိုပါဆွေးနွေးပွဲသို့ ရမည်းသင်းမြို့နယ်အတွင်း အခြေပညာကျောင်းများရှိ ကျောင်းစာကြည့်တိုက်မှူး(၈)ဦးတို့ တက်ရောက်ကြကြောင်းသိရသည်၊ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ဒို့ကျေးရွာ အတွဲ(၂၀)၊အမှတ်-၄၊၂၀၂၃ခုနှစ်ဖေဖော်ဝါရီလ(၁၅)ရက် ထုတ်ဝေသည့်ဂျာနယ် ကိုမျှဝေပြီအသီးသီးဖတ်ကြကာ ရမည်းသင်းမြို့နယ်စာရေးဆရာ အသင်းအတွင်းရေးမှူး ဦးမျိုးလွင်မှဦးဆောင်ဆွေးနွေးပြီး တစ်ဦးချင်းခေါင်းစဉ်အလိုက် ပြန်လည်မျှဝေဆွေးနွေးခဲ့ကြ ကြောင်းသတင်းရရှိသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)