ချောက် ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အသစ်ခန့်လက်ထောက်မူလတန်းပြဆရာ၊ ဆရာမများအား လုပ်ငန်းခွင်အဆင်ပြေစေရန်၊ လုပ်ငန်းခွင် ကျွမ်းကျင်မှုရှိစေရန်၊ သင်ကြားရေးအထောက်အကူပြုစေရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှစတင်၍ ယနေ့အထိအသစ်ခန့်လက်ထောက်မူလတန်းပြ ရက်တိုသင်တန်းကို အ.ထ.က (၁)ကျောင်း မြရိပ်ညိုခန်းမ၌ ဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် ခရိုင်ပညာရေးမှူးဦးမန်းအောင်မှကြီးကြပ်၍ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ အထက်တန်းကျောင်းအုပ်၊ အလယ်တန်းကျောင်းအုပ်များ ပါဝင်သည့် သင်တန်းနည်းပြ ဆရာ/ဆရာမ(၁၀)ဦးဖြင့် ပို့ချခြင်းဖြစ်သည်။ သင်တန်းတွင် စီမံဘာသာရပ်၊ ဘဏ္ဍာဘာသာရပ်၊ ပညာဘာသာရပ်၊ စစ်ဆေးရေးဘာသာရပ်၊ ကာယ ပညာဘာသာရပ်တို့အား နေ့စဉ်နံနက် ၉ နာရီ မှ ၁၂ နာရီအထိ မွန်းလွဲ ၁ နာရီမှ မွန်းလွဲ ၃ နာရီအထိ သင်ကြားပေးလျက်ရှိပြီး သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၄၂)ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလ ၅ ရက်တာကာလအတွင်း လေ့လာမှတ်သား ရယူမှုတို့အား စာမေးပွဲစစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)