မိုးကောင်း ဖေဖော်ဝါရီ ၁၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် (၇၅)နှစ်မြောက် မြန်မာ-ရရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများကို မြစ်ကြီးနား-မန္တလေး လမ်းမကြီးပေါ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ပြဘုတ်၌ ယနေ့နံနတ် (၉) နာရီခွဲတွင် ခင်းကျင်းပြသခဲ့ကြောင်းသိရသည်။
အဆိုပါမြေစိုက်နံရံကပ်ပြဘုတ်တွင် မြန်မာ-ရရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်း အမှတ် ချစ်ကြည်ရင်းနှီးဆောင်ရွက်မှု မှတ်တမ်းပုံများ၊ နိုင်ငံတော်အကြီးအကဲများ၏ တွေ့ဆုံမှု မှတ်တမ်းပုံများစသည်ဖြင့် ပြည်သူများအသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ခင်းကျင်းဖော်ပြထားပြီး ကျောင်းသား၊ ကျောင်းသူများ၊ ဈေးရောင်း/ဈေးဝယ်များ၊ လမ်းသွား လမ်းလာခရီးသွားပြည်သူများ ဝင်ရောက်လေ့လာလျက်ရှိကြောင်း သိရသည်။
မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးအနေဖြင့် ပြည်သူများအသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် နံရံကပ်စာစောင်၊ စာဖတ်ဝိုင်း၊ အွန်လိုင်းမှတဆင့် အသိပညာပေး Talk Show အစီအစဉ်များ၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ၊ အထိမ်းအမှတ်ပြိုင်ပွဲများ၊ လူငယ်စကားဝိုင်းများ ဆောင်ရွက်ပြီး ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသစာအုပ်စာစောင်များကို လည်း ရုံးဖွင့်ချိန်အတိုင်း အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းလွင်ဦး (ပြန်/ဆက်)