(၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို မင်္ဂလာဒုံမြို့နယ်ရုံးရှေ့ရှိမြေစိုက် နံရံကပ်ဘုတ်တွင်ပြသ

မင်္ဂလာဒုံ ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံ မြို့နယ်ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသခြင်းကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မင်္ဂလာဒုံမြို့နယ်ရုံးရှေ့ မြေစိုက်ဘုတ်တွင် ပြသထားလျက်ရှိရာ ပြည်သူများစိတ်ပါဝင်စားစွာဖြင့် လာရောက်ကြည့်ရှုကြသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အနေဖြင့် ပြသထားရာ အဆိုပါမြေစိုက်နံရံကပ်ဘုတ်၌  နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံ အကြီးအကဲတို့၏ တွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများ၊ စုစုပေါင်း မှတ်တမ်းဓာတ်ပုံ(၂၀)ပုံကို ပြသထားကြောင်း သိရသည်။

မြတ်မွန်ခင် (ပြန်/ဆက်)