မံစီ ဖေဖော်ဝါရီ ၁၇
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ အများပြည်သူများ သိရှိလေ့လာနိုင်ရန်အတွက် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ကို ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းမှ စတင်၍ ပြသဆောင်ရွက်ထားကြောင်း သိရသည်။
မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် အများပြည်သူများ အသိပညာ ဗဟုသုတတိုးပွားစေရန် အသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပြီး မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်များနှင့် ဒေသခံပြည်သူများကို မြန်မာနှင့်ရုရှားတို့၏ သံတမန်ဆက်ဆံရေးထူထောင်မှုအကြောင်း ကျယ်ကျယ် ပြန့်ပြန့် လေ့လာသိရှိနိုင်ရန်အတွက် အသိပညာပေးကဏ္ဍတစ်ခုဖြစ်သည့် နံရံကပ်စာစောင်ပြသခြင်း လုပ်ငန်းတွင် ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာနှင့်ရုရှားတို့၏ သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်း ဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများ၊ အစိုးရအချင်းချင်း နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စီးပွားရေးအတွက်တွေ့ဆုံလက်မှတ်ရေးထိုးခြင်း အခမ်းအနား ဓာတ်ပုံများနှင့် နှစ်(၂၀)ပြည့် အာဆီယံ-ရုရှား ဆွေးနွေးဖက်ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသထားလျက်ရှိကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်