ကျောက်တန်းမြို့နယ်၌ လူငယ်နှင့်ကျန်းမာ​​ရေးအကြောင်း သိကောင်းစရာဆွေးနွေးပွဲ Talk Show ကျင်းပ

ကျောက်တန်း   ဖော်ဖော်ဝါရီ   ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် လူငယ်နှင့်ကျန်းမာရေးအကြောင်း သိကောင်းစရာဆွေးနွေးပွဲ Talk show ကို ယနေ့နံနက်(၁၀)နာရီက ကျောက်တန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ကျောက်တန်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးငှာန ဒုတိယဦးစီးမှူးဒေါ်အိသန္တာချိုက  လူငယ်နှင့်ကျန်းမာရေးနဲ့ပတ်သတ်ပြီး ယနေ့လူငယ်များနွေရာသီ အားလပ်ရပ်များတွင် ကျန်းမာစွာနေထိုင် လှုပ်ရှားသွားလာစေရန်နှင့် စားသောက်တက်စေရန် ရည်ရွယ်၍ ဆွေးနွေးပြောကြားခြင်းဖြစ်ပြီး လူငယ်များအသိပညာများတိုးတက်လာစေရန်အတွက် လူငယ်များအနေနဲ့ကိုယ်လက်လှုပ်ရှားမှုများမှ ကျန်မားရေးကောင်းမွန်လာစေရေးစသည့် အကြောင်းအရာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်တန်းမြို့စာထောက်(၃)ဒေါ်လင်းလင်းမော်နှင့်အတူ ဆွေးနွေးပြောကြားခဲ့သည်။

ကျောက်တန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာဗဟုသုတရရှိအောင် လူငယ်များအတွက် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)