မံစီမြို့နယ်၌ စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး

မံစီ ဖေဖော်ဝါရီ ၁၇

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မံစီ)၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် ၁၁ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက စာသင်ကျောင်း အခြေပြု မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်း ဖုန်ကန်ဒူဝါခန်းမဆောင်၌ မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်က ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာဆရာမများကို မီးဘေးအန္တရာယ်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းအကြောင်း၊ မီးသတ်ဆေးဗူးများအသုံးပြုပုံနှင့် မီးငြိမ်းသတ်ပုံများကို ရှင်းလင်းဟောပြော ခဲ့ပြီးနောက် ခန်းဆောင်ရှ့၌ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာဆရာမများနှင့်အတူ အရေးပေါ် မီးငြိမ်းသတ်ခြင်း လက်တွေ့ဇတ်တိုက်လေ့ကျင့်မှုကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)