လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် လူငယ်နှင့်အနာဂတ် ခေါင်းစဉ်ဖြင့် အသိပညာပေးTalk Show ဆောင်ရွက်

လယ်ဝေး ဖေဖော်ဝါရီ ၁၈

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယမန်နေ့ညနေပိုင်းက လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် အသိပညာပေးTalk Show ဆောင်ရွက်ခဲ့သည်။

အဆိုပါ Talk Show တွင် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် ဒေါ်သက်သက်နွယ် စာရေးဆရာမသက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့က လူငယ်များဗလငါးတန်ပြည့်စုံရေး၊ လူငယ်များ၏အနာဂတ် သည်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်းနှင့် လူငယ်များ ရည်ရွယ်ချက်ရည်မှန်းချက်ကိုယ်စီဖြင့် မိမိ၏ ဝန်းကျင်ကိုကောင်းကျိုးပြုနိုင်သော၊တန်ဖိုးရှိသော သားကောင်းသမီးကောင်းများဖြစ်ထွန်းလာစေရေးတို့ကို အကျယ်တဝင့်မေးမြန်းဆွေးနွေးသည်။

လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ဗဟုသုတများတိုးပွားစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး Talk Show ဆွေးနွေးပွဲများ၊ ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)