မိုင်းယောင်းမြို့တွင် ရွှေပဲရွက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် တောင်သူတို့ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော ရွှေပဲရွက်စိုက်ခင်းများမှာ ရှင်သန်ပြီး ဝေဝေဆာဆာရှိနေကြသည်ကို တွေ့ရသည်။

မက်မန်းမြိုနယ်တွင် မီးဘေးအသိနှိုးဆော်ခြင်းများ လိုက်လံဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် မီးဘေးအန္တရာယ် စိုးရိမ်ရသော ပွင့်လင်းခြောက်သွေ့သည့် အချိန်ကာလသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအသိနှိုးဆော်ခြင်းများကို မက်မန်းမြို့ရှိ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအရောက် လိုက်လံဆော်ဩခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ကျောက်ဆည်မြို့နယ်တွင် မိုးကြိုပဲတီစိမ်းသီးနှံ (၇၄၀၄) ဧက စိုက်ပျိုးသွားမည်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဆည်ရေသောက်စနစ်ဖြင့် ဆန်စပါးကို အဓိကထား စိုက်ပျိုးကြပြီး ဆီထွက်သီးနှံမျိုးစုံနှင့် ပဲမျိုးမျိုးစိုက်ပျိုးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးကြိုပဲတီသီးနှံ (၇၄၀၄) ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုးကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက်၏ (၂၁)ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်စိမ်း ရေစက်သွန်းချလောင်းလှူပူဇော်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် နောင်ကိုင်တော်ရပ်ကွက်၏ (၂၁)ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်စိမ်းရေစက်သွန်းချလောင်းလှူပူဇော်ပွဲကို ယမန်နေ့ ညနေ (၃)နာရီတွင် ရွာနာမ် စေတီဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ဒေးဒရဲမြို့နယ်ရှိ မြို့မစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်မှုများ စုပေါင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများမီးဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် မီးလောင်မှုများဖြစ်ပွားပေါ်ပေါက် လာပါက အချိန်မီ မီးငြှိမ်းသတ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးတွင်ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ စျေးကော်မတီဝင်များနှင့် ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံတက္ကသိုလ်၌ အဝေးသင် သင်တန်း ပထမအကြိမ် ဘွဲ့နှင်းသင်အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌ အဝေးသင်သင်တန်း ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။

မန်တုံမြို့နယ်၊ မန်ကော်ကျေးရွာအုပ်စု၊ ကျန်ကားကျေးရွာ၊ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားဖွင့်ပွဲ အခမ်းမနားကျင်းပ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်၊ မန်ကော်ကျေးရွာအုပ်စု၊ ကျန်ကားကျေးရွာ၊ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၈) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မန်တုံမြို့နယ်၊ မန်ကော်ကျေးရွာအုပ်စု၊ ကျန်ကားကျေးရွာ၊ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားဖွင့်ပွဲ အခမ်းမနားကျင်းပ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်၊ မန်ကော်ကျေးရွာအုပ်စု၊ ကျန်ကားကျေးရွာ၊ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၈) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့၊ အမှတ် (၃) လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်၊ အမှတ် (၃) လမ်းအား ကတ္တရာခင်းနေခြင်းကို ယနေ့နံနက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အခြေခံစားသုံးဆီများ စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများလက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ပြည်သူများ အခြေခံစားသုံးကုန်ဆီများ စျေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မော်လမြိုင်မြို့ ဆီကုန်သည်ကြီးများအသင်းခွဲမှ ဆီ ၅၀ ကျပ်သားတစ်ဗူးလျှင် ၂၅၀၀ ကျပ်၊ ဆီနှစ်ဗူးလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ယနေ့နံနက်ပိုင်းက လူစည်ကားရာ မြို့မစျေးကြီးရှေ့၌ စျေးနှုန်းချိုသာစွာဖြင့် လာရောက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Subscribe to