အမာ ဖေဖော်ဝါရီ ၁၈
နိုင်ငံတော်အကြီးအကဲများ၏ ဆောင်ရွက်ချက် မှတ်တမ်းများအား ပြည်သူများထံသို့ အချိန်နှင့် တစ်ပြေးညီ တင်ပြပေး နိုင်ရေးအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းအား ယနေ့ နံနက်ပိုင်းအချိန်က အမာမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ နံရံကပ်စာစောင်တွင် ပြသ ဆောင်ရွက်ပေးထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ်အဖြစ် အစိုးရအချင်းချင်း နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး နှင့် စီးပွားရေးအတွက် တွေ့ဆုံလက်မှတ်ရေးထိုးခြင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်မှတ်တမ်းများ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်း များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ အရှေ့ဖျားရေငုတ်သင်္ဘောဌာနချုပ်၊ အာကာသလွှတ်တင် ရေးစခန်း၊ လေယာဉ်ထုတ်လုပ်ရေး စခန်းစက်ရုံ များအား လေ့လာကြည့်ရှုခဲ့သည့် မှတ်တမ်းပုံများနှင့် နှစ်(၂၀)ပြည့် အာဆီယံ-ရုရှားဆွေးနွေးဖက် ဆက်ဆံရေးအထိမ်း အမှတ် ထိပ်သီးအစည်းအဝေးမှတ်တမ်းဓာတ်ပုံများ ပြသထားခြင်းကို မြို့နေပြည်သူများမှ စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အမာမြို့ရုံးအနေဖြင့် နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများအား လစဉ် ပြသလျက်ရှိပြီး နိုင်ငံတော်မှ ကြီးမှူးကျင်းပသည့် ပွဲတော်များ၊ နေ့ကြီးရက်ကြီး အခမ်းအနားများနှင့် နိုင်ငံတော်၏ တည်ဆောက်ပြုပြင်ဆောင်ရွက်ချက် များအား လစဉ်ပြသပေးလျက်ရှိကြောင်း သိရသည်။
အမာ(ပြန်/ဆက်)