စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေနှင့် လယ်ယာမြေဥပဒေတို့အရ စာချုပ်စာတမ်းများမှတ်ပုံတင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မော်လမြိုင် ဖေဖော်ဝါရီ ၁၈

မော်လမြိုင်မြို့တွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေနှင့်လယ်ယာမြေဥပဒေတို့အရ စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ ပဥ္စမအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ KS Hotel ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက ဌာနမှဆောင်ရွက်ပေးသော စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းဟာ နိုင်ငံတော်အတွင်းရှိနိုင်ငံသားများ နိုင်ငံတော်အတွင်းရောက်ရှိနေသော နိုင်ငံခြားသားများအတွက်ပိုင်ဆိုင်မှုနှင့် ကတိကဝတ်ပြုခြင်းဆိုင်ရာလုပ်ငန်းအတွက် အထူးအရေးကြီးသောလုပ်ငန်းတစ်ရပ်ဖြစ်ပြီး စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းဖြင့်ရရှိခံစားနိုင်တဲ့ အကျိုးကျေးဇူးမြောက်များစွာရှိသလို မှတ်ပုံတင်ခြင်းမပြုလုပ်ခဲ့သဖြင့် ဆုံးရှုံးသွားခဲ့သည့်ကိစ္စရပ်များ၊ လက်ရှိကျင့်သုံးနေသည့် စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေနှင့် မှတ်ပုံတင်ပေးသည့် နည်းစနစ်များ အကြောင်းကို ဒေသဆိုင်ရာပြည်သူလူထုများနဲ့ တွေ့ဆုံဆွေးနွေးပြောကြားရန်လိုအပ်ပါကြောင်းကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အဖွင့်အမှာစကားပြောကြား သည်။

ဆက်လက်၍ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (ရုံးချုပ်)မှ ကြေးတိုင်စီမံကိန်း နှင့် သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူးဦးမြင့်သိန်း၊ မြေယာဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းဦးတို့က စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေနှင့်လယ်ယာမြေဥပဒေတို့အရ စာချုပ်အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးများ၊မွန်ပြည်နယ်နှင့်ကရင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ပြည်နယ်ဦးစီးဌာနမှူးများ၊ ဒုတိယပြည်နယ် ဦးစီးဌာနမှူးများ၊ ခရိုင်နှင့် မြို့နယ်ဦးစီးဌာနမှူးများ နှင့်စာရေးဝန်ထမ်း အရာထမ်း/ အမှုထမ်းများ (၈၅)ဦး တက်ရောက်ကြောင်းသတင်းရရှိပါသည်။မှတ်ပုံတင်ခြင်း ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ဆွေးနွေးကြရာ ဆွေးနွေးချက်များအပေါ် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူဝန်ထမ်းများက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၈ ခုနှစ် စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေ ပြဌာန်းပြီးနောက် အလုပ်ရုံဆွေးနွေးပွဲကို တစ်နိုင်ငံလုံးတွင် နေပြည်တော်၊ မန္တလေး၊ တောင်ကြီး၊ ရန်ကုန်နှင့် မော်လမြိုင်မြို့များတွင် ဇုန်(၅)ဇုန်ခွဲ၍ကျင်းပပြုလုပ် ခြင်းဖြစ်ပြီး စာချုပ်စာတမ်းမှတ်ပုံတင်ခြင်း လုပ်ငန်းရဲ့ရည်ရွယ်ချက်ဖြစ်သည့် လူသားများအချင်းချင်း လိမ်လည်လှည့်ဖြားမှု မပြုလုပ်နိုင်ရေးနှင့် နိုင်ငံတော်အတွက် ထိုက်သင့်သည့်အခွန်အခများရရှိစေရန်အတွက် ရည်ရွယ်ကျင်းပရ ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးများ၊ မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်  လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ပြည်နယ်ဦးစီးဌာနမှူးများ၊ ဒုတိယပြည်နယ် ဦးစီးဌာနမှူးများ၊ ခရိုင်နှင့်မြို့နယ်ဦးစီးဌာနမှူးများနှင့် စာရေးဝန်ထမ်း အရာထမ်း/ အမှုထမ်းများ (၈၅)ဦး တက်ရောက်ဆွေးနွေးလျက်ရှိကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၈ရက်နေ့မှ ၁၉ရက်နေ့အထိ နှစ်ရက်ကြာ ဆွေးနွေးကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စည်သူ -ခရိုင်(ပြန်/ဆက်)