သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဆရာတော်ထံ ဖူးမြော်ပြီး မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူးရုံး ဝန်ထမ်းများနှင့် တွေ့ဆုံ

မိတ္ထီလာ ဖေဖော်ဝါရီ ၁၈

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် တွင်  နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဆရာတော်ထံ ဖူးမြော်ပြီး မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူးရုံး ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ ကြောင်း သိရသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများသည် နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တကေသရအား ဖူးမြော် ကြည်ညို၍ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြုပြင်ထိန်းသိမ်း မည့် စာသင်သား၊ သီတင်းသုံး အဆောင်များ၊ တက္ကသိုလ်ပိုင် သာသနာမြေနေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး သာသနာ့မြေများ ဆုံးရှုံးမှုမရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ရေး အလေးထားလိုက်နာဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူးရုံး၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် သာသနာရေးမှူးရုံးတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများအား ပါတီနိုင်ငံရေး ကင်းရှင်းရန်၊ သာသနာရေး တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန် မှာကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးနှင့် ခရိုင်သာသနာရေးမှူးရုံးများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်က ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကေသရ အမှူးပြုသော သင်ကြားစီမံ ဆရာတော်ကြီးများ၊ စာသင်သားသံဃာတော်များအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းမှုတို့ကို ဖူးမြှော်ကြည်ညိုပြီး ဆွမ်းပဒေသာပင် ဝတ္ထုငွေများ စိုက်ထူလှူဒါန်းခဲ့သည်။ ၎င်းနောက် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့ သာသနာ့ဝေပုလ္လပရိယတိ္တ စာသင်တိုက်သို့ သွားရောက်ကာ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တကောဝိဒနှင့် မိတ္ထီလာမြို့ တိုင်းဒေသကြီး သံဃနာ ယကအဖွဲ့ဝင် ဘဒ္ဒန္တဇဝန၊ မိတ္ထီလာမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေသရတို့ထံ သွားရောက်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေး ဆိုင်ရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာကိစ္စများကို လျှောက်ထားခဲ့ပြီးနောက် မိတ္ထီလာခရိုင်သာသနာ ရေမှူးရုံးသို့ သွားရောက်ကာ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းပိုင်းဆိုင်ရာများ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)