တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ဆပ်ပြာဆီ ပြုလုပ်နည်း သင်တန်းဖွင့်လှစ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်( ၉ )နာရီ အချိန်က ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။      

ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mask ဖြန့်ဝေခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူစည်ကားသည့်နေရာများတွင် ပြည်သူများ နှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေးသည့် Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၇)နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။

ဟင်္သာတမြို့နယ်၊ လိပ်ချောင်းကျေးရွာအတွင်း တည်ထားကိုးကွယ်ထားသည့် ကောင်းမူတော် စေတီတော်မြတ်ကြီး ထီးတော်တင်လှူပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ဖားအောက်တောရ ဆရာတော်ကြီး၏ မွေးရပ်မြေလိပ်ချောင်းအုပ်စု လိပ်ချောင်းကျေးရွာတွင် နှစ်ကျိပ်ရှစ်ဆူ ကောင်းမူတော်ဝိသုံဂါမ သိမ်စေတီတော်ကြီး ထီးတော်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် မင်္ဂလာအချိန် ၉ နာရီခွဲက အဆိုပါကျေးရွာ ရှိစလင်းဘုန်းတော်ကြီးကျောင်းတိုက် ရေစက်ချ မင်္ဂလာမဏ္ဍပ်တွင် ကျင်းပခဲ့သည်။

တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့အား ဆန်းစစ်စီမံခြင်း အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊  သံဖြူဇရပ်မြို့နယ်၊ ဖောင်စိန်ရပ်ကွက်၊ အခြေခံပညာ (မူလတန်လွန်)ကျောင်းခန်းမ၌ မော်လမြိုင်၊ တိုင်းရင်းသားလူများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူး၍ တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့်

ပြင်ဦးလွင်မြို့ရှိ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း BE. Falls သို့ ရုံးပိတ်ရက်များ၌ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူ ခရီးသွားပြည်သူများဖြင့်စည်ကား

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်-လားရှိုး ကားလမ်းမကြီးအနီးရှိ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE. FALLS) သို့ အစိုးရရုံးပိတ်ရက်များတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူ ခရီးသွားပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း  Asia World ဆိပ်ကမ်းတွင် ရောက်ရှိနေသည့် လျှပ်စစ်သုံးယာဉ်များ ကြည့်ရှုစစ်ဆေး

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ နေ့လယ်ပိုင်းတွင်  မြန်မာနိုင်ငံတွင် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့်  Essential Motor Co., Ltd. ကတင်သွင်းပြီး Asia World ဆိပ်ကမ်း၌

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်လုံးဆိုင်ရာ သတ္တမအကြိမ်မြောက် ပရိယတ္တိပါလက စာမေးပွဲတော်ကြီးဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ် သံဃာတော်များက ဦးဆောင်ကြီးမှူးကျင်းပသော သတ္တမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိပါလက စာမေးပွဲတော်ကြီးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လွယ်အွန့်ကျေးရွာအုပ်စု၊ ဖာလွိုင်ဗွေလွန်းကျောင်းတိုက် တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့၌ ကျေးလက်ကျနန်းမာရေးဌာနခွဲ အဆောက်အအုံသစ်ဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် ရေကြည်ကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀နာရီက ရေကြည်ကျေးရွာ အဆိုပါ အဆောက်အအုံရှေ့၌ ကျင်းပခဲ့သည်။

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်နံရံကပ်ပြဘုတ်တွင် မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေး မှတ်တမ်းဓာတ်ပုံများပြသ

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နိုင်ငံတော်းအကြီးအကဲများ၏ ဆောင်ရွက်မှုများ၊ နေ့စဉ်ထုတ်သတင်း သတင်းစာများ၌ ပြည်သူများလေ့လာသင့်သည့် အကြောင်းအရာများ၊ မြို့နယ်ရုံးလှုပ်ရှားမှုများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြည်သူများထံသို့ အချိန်နှင့်တပြေးညီ တင်ပြပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက် နံရံကပ်ပြဘုတ်တွင် မြန်မာ-ရုရှား နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်စွာ သံတမန်ဆက်ဆံရေးဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများအား ပြည်သူများ လေ့လာကြည့်ရှုစေရန် ပြသထားကြောင်းသိရသည်။
Subscribe to