ကျိုင်းတုံ ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌ အဝေးသင်သင်တန်း ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။
ရှေးဦးစွာ ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာက ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီး ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ် ပညာသင်နှစ်များတွင် အဝေးသင်သင်တန်း ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ တက်ရောက်ယူသည့် ဘွဲ့ရမောင်မယ် ၄၃၆ ဦး တို့အား ဘွဲ့အပ်နှင်းပေးသည်။
ကျိုင်းတုံတက္ကသိုလ်မှ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ် ပညာသင်နှစ်များတွင် အဝေးသင်သင်တန်း တက်ရောက် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ရ မောင်မယ် ၄၃၆ ဦး၊ အဝေးရောက် ဘွဲ့ရမောင်မယ်မယ် ၂၃၀ ဦး စုစုပေါင်း ၆၆၆ ဦး ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)