ကျွန်းလှ ဖေဖော်ဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်၊ အမှတ် (၃) လမ်းအား ကတ္တရာခင်းနေခြင်းကို ယနေ့နံနက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျွန်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးစိုးထိုက်နှင့် တာဝန်ရှိသူများက ကတ္တရာခင်းပြီးမှုအခြေအနေနှင့် ကျန်ရှိသည့်အပိုင်းအား ကျောက်ကြီးစီနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ ကတ္တရာလမ်း အရှည် ၇၅၀၊ အကျယ် ၁၄ ပေ၊ ထု ၉ လက်မကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၁၈ ဒသမ ၀၀ ဖြင့်ဆောင် ရွက်ကြောင်း သိရသည်။
မျိုးဝင်းညို