နမ့်ဆန် ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်၊ မန်ကော်ကျေးရွာအုပ်စု၊ ကျန်ကားကျေးရွာ၊ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၈) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာသိန်းဇော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မန်တုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုင်းအောင်ကျော်လှိုင်မှ ကျန်ကားကျေးရွာ ကုန်ထုတ် လမ်းနှင့်ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မန်တုံမြို့နယ်၊ မန်ကော်ကျေးရွာအုပ်စု ကျန်ကားကျေးရွာဒေသခံတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး၊ ကျန်ကားကျေးရွာကုန်ထုတ်လမ်း အားဖဲကြိုးဖြတ်ဖွင့်လှစ်ကြရာ၊ ဒေသစီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်၊ ပလောင်ကိုယ်ပိုင်အုပ် ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးအိုက်မုန်းနှင့် မြို့နယ်ဦးစီးမှူးဦးမိုင်အောင်ကျော်လှိုင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်ကားကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည် ထောင်စုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိရာ လမ်းအတိုင်းအတာမှာ (၃/၀)မိုင်ဖြစ်ပြီး (၁၁၈.၀၈)ကျပ် သန်းပေါင်းကုန်ကျကြောင်းသိရသည်။ ထို့နောက် ကျန်ကားကျေးရွာ လမ်းတံ တားအမျိုးအစားမှာ ကွန်ကရစ်တံတာအမျိုးအစားဖြစ်ရာ (၅၈.၈) ကျပ် သန်းဖြစ်ပြီး၊ စုစုပေါင်း (၂၁၂.၃၀၄) ကျပ်သန်းကုန်ကျ ကြောင်းသိရသည်။ဖွင့်ပွဲအခမ်းအနားပြီးနောက် ပလောင်ကိုယ်ပို င်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်မှ မောဝ်ရွှေပြည် ကုမ္ပဏီ တာဝန်ယူတည်ဆောက်ထားသည့် မန်တုံ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ အထက်တန်းကျောင်းဆောင်သစ်တည်ဆောက်မှုနှင့် Really Honest Investment Co.,Ltd မှတာဝန်ယူ လျက်ရှိသော မြေပြုပြင်ခြင်းလုပ်ငန်းနှင့် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းတို့အား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ (ပြန်/ဆက်)