ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများ လျှော့ကျစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး မြေပြင်ကွင်းဆင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများ မရှိစေရန်နှင့် လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုလျော့ကျနိုင်စေရေးတို့အတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် စက်မှုဇုန်များတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် လျှပ်စစ်မန်နေဂျာ ဦးအေးကျော် ဦးဆောင်သော ခရိုင်စုဖွဲ့ဝန်ထမ်းများ၊ မြို့နယ်မှလျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

မင်းလှမြို့နယ်တွင် လေဘေးသင့်နေအိမ်များမှမိသားစုဝင်များထံ ထောက်ပံ့ငွေနှင့်ပစ္စည်းများ သွားရောက်‌ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ဖေဖော်ဝါ ရီလ ၁၇ ရက်‌ညနေပိုင်းတွင် အချိန်အခါမဟုတ်မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုများမှ လေဘေးသင့်ခဲ့သော ပြည်သူများအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ တာဝန်ရှိသူမျာက‌ ဖေဖော်ဝါရီ ၁၈ ရက်ကထောက်ပံ့ငွေနှင့်ပစ္စည်းများ သွားရောက်‌ပေးအပ်ခဲ့ကြောင်း သိရသည်။

ကလေးတွင် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏အစီအစဉ်ဖြင့် တန်ဖိုးသင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက တောင်ဇလပ်ရပ်ကွက်၊ ဗန္ဓုလလမ်းတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရောင်းချပေးခဲ့ကြောင်းသိရသည်။

စလင်းမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ရပ်ကွက်/ ကျေးရွာများအတွင်း လှည့်လည်၍ မီးသတိပြုရေးလိုက်လံသတိပေးကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်အနီးအနားရှိ ကျေးရွာများသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အတွက် ယမန်နေ့နေ့လယ် ၂ နာရီအချိန်က မော်တော်ယာဉ်များဖြင့် လှည့်လည်ကာ မီးဘေးလုံခြုံရေးအတွက် လိုက်လံသတိပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ကိုကိုးကျွန်းမြို့နယ် သန့်ရှင်းသာယာလှပစေရန် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ကိုကိုးကျွန်းမြို့နယ် သန့်ရှင်းသာယာ လှပစေရန်အတွက် စုပေါင်းသန့် ရှင်းရေးကို ယမန်နေ့မနက်(၇)နာရီက ပြုလုပ်ခဲ့ကြ ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ကျေးရွာများတွင် ပြည်သူ့အကျိုးပြုဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြင်ခရိုင်ကျေးရွာ တိုက်နယ်ဆေးရုံသို့သွားရောက်၍ ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကာ ဒေသခံပြည်သူများအပေါ် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှု အခြေအနေများမေးမြန်းခဲ့ပြီး ဆေးရုံသုံးပစ္စည်း များနှင့် ထောက်ပံ့ငွေ များပေးအပ်ခဲ့သည်။ ထို့နောက် ဆေးကုသဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံတက်ရောက် ကုသလျက်ရှိသည့် လူနာများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့သည်။

ကျောက်မဲမြို့နယ် သီရိမင်္ဂလာလမ်း ကွန်ကရစ်လမ်းချဲ့ခင်းရန် စျေးသူစျေးသားများနှင့် တွေ့ဆုံဆွေးနွေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့သီရိမင်္ဂလာလမ်း ကွန်ကရစ်လမ်းချဲ့ခင်းနိုင်ရေးအတွက် လမ်းဘေးဝဲယာနေအိမ်ရှင်များ၊ စျေးသူ/စျေးသားများနှင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီက ဗဟိုစျေးကြီးရုံးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

ညောင်လေးပင်မြို့တွင် (၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်အဖြစ် နံရံကပ်ပြဘုတ်ပြသ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်အဖြစ် မှတ်တမ်းဓာတ်ပုံများကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန၌ Book Club အဖွဲ့နှင့် ရေးသူ/ဖတ်သူ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊  မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community   Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက Book Club အဖွဲ့နှင့် ရေးသူ၊ ဖတ်သူ စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။
Subscribe to