ကျောက်ဆည်မြို့နယ်တွင် မိုးကြိုပဲတီစိမ်းသီးနှံ (၇၄၀၄) ဧက စိုက်ပျိုးသွားမည်ဖြစ်

ကျောက်ဆည် ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဆည်ရေသောက်စနစ်ဖြင့် ဆန်စပါးကို အဓိကထား စိုက်ပျိုးကြပြီး ဆီထွက်သီးနှံမျိုးစုံနှင့် ပဲမျိုးမျိုးစိုက်ပျိုးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးကြိုပဲတီသီးနှံ (၇၄၀၄) ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးကြိုပဲတီစိမ်းသီနှံများကို ဇော်ဂျီဆည်ရေသောက်စနစ်မှ စိုက်ပျိုး ရေများပေးဝေသည့် မင်းရဲမြောင်းရေဖြင့် (၁၂၃) ဧက၊ သင်းတွဲမြောင်းရေဖြင့် (၂၆၁၅) ဧက၊ ငပြောင်မြောင်းရေဖြင့် (၄၆၅) ဧက၊ ဇီးတောမြောင်းရေဖြင့် (၁၀၀)ဧက၊ နွားတက်မြောင်းရေဖြင့် (၃၂၈၇) ဧက၊ တမုတ်မြောင်းရေဖြင့် (၃၁၄) ဧက၊ ကင်းတားဆည်ရေသောက်စနစ်မှ စိုက်ပျိုးရေများ ပေဝေနေသည့် စမာမြောင်းရေဖြင့် (၅၀၀) ဧက စုစုပေါင်း (၇၄၀၄) ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့်ကိုက်ညီသည့် ရေဆင်း (၁၁) ပဲတီစိမ်းမျိုးနှင့် ရေဆင်း (၁၄) ပဲတီစိမ်းမျိုးများ ဖြန့်ဝေပေးလျက်ရှိပြီး စိုက်နည်းစနစ်၊ အပင်ပြုစုနည်းများနှင့် ပိုးမွှားကာကွယ်နှိမ်နင်းခြင်းများလည်း တောင်သူများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ စိုက်ခင်းများ အတွက် စိုက်ပျိုးရေပြည့်ဝစွာ ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)