တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့အား ဆန်းစစ်စီမံခြင်း အခမ်းအနားကျင်းပ

သံဖြူဇရပ် ဖေဖော်ဝါရီ ၁၉

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊  သံဖြူဇရပ်မြို့နယ်၊ ဖောင်စိန်ရပ်ကွက်၊ အခြေခံပညာ (မူလတန်လွန်)ကျောင်းခန်းမ၌ မော်လမြိုင်၊ တိုင်းရင်းသားလူများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှကြီးမှူး၍ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့အား ဆန်းစစ်စိမံခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲ အချိန်ကကျင်းပပြု လုပ်သည်။အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ မွန်ပြည်နယ် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဦး၊ မော်လမြိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအေး၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန (မော်လမြိုင်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သံယောဇဉ်မိုး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သံဖြူဇရပ်မြိူ့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမိုးမြင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ရပ်ကွက်နေပြည်သူများတက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ရှေ့ဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသားလူမျိုးများအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေပါအတိုင်း တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ၊ ရပိုင်ခွင့်များ၊ တာဝန်နှင့်ဝတ္တရားများ၏ ဥပဒေပါတားမြစ်ချက်များကိုသိရှိစေရန်၊ တိုင်းရင်းသားပညာသင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံသားအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ လူငယ်ရေးရာမူဝါဒ၊ လူမှုရေးပင်စင်စသည့် အကြောင်းအရာများကို အသိပညာပေးမျှဝေပေးရန်နှင့် လိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူ ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဦးက တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနအကြောင်းအား ရှင်းလင်းပြောကြား​ပြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဌေးမို့မို့က တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေပါအကြောင်းအရာများအားလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သံယောဇဉ်မိုးက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနအကြောင်းအားလည်းကောင်း၊ လူဝင်မှူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မော်လမြိုင်မှဒုတိယညွှန်ကြားရေးမှူး ဦးသန်းအေးက နိုင်ငံသားအခွင့်အရေးဆိုင်ရာ တိုင်းရင်းသားလူမျိုးများ၏ ဝိသေသရှေ့ဆောင် စကားလုံးများကို ကျောင်းအမည်စာရင်းတွင် ပါဝင်ရေးသွင်းနိုင်ရေး ကိစ္စရပ်များအားလည်းကောင်း၊ မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက အမျိုးသမီး၊ မသန်စွမ်း၊ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ အကြောင်း အရာများအားလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများမှ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်များအား ဖြည့်စွက် ရေးသွင်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)