ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်လုံးဆိုင်ရာ သတ္တမအကြိမ်မြောက် ပရိယတ္တိပါလက စာမေးပွဲတော်ကြီးဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ဟိုပုံး  ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ် သံဃာတော်များက ဦးဆောင်ကြီးမှူးကျင်းပသော သတ္တမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိပါလက စာမေးပွဲတော်ကြီးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လွယ်အွန့်ကျေးရွာအုပ်စု၊ ဖာလွိုင်ဗွေလွန်းကျောင်းတိုက် တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် အရာရှိကြီး စစ်သည်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား နမောတဿ(၃)ကြိမ်ရွတ်ဆိုအခမ်းအနားဖွင့်လှစ်ပြီးနောက် မြို့နယ်သံဃနာ ယကဥက္ကဋ္ဌ ပရိယတ္တိပါလက စာပွဲတော်ကျင်းပရေးဥက္ကဋ္ဌ ဘဒ္ဒန္တအာလောကထံမှ ငါးပါးသီလ၊ ပရိတ်တရား တော်များနှင့် ဩဝါဒကထာများကို နာယူကြသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းတို့က ဆရာတော်၊ သံဃာတော်များ လှူဖွယ်ဝတ္တုနှင့် စာမေးပွဲမေးခွန်းလွှာများဆက်ကပ်လှူဒါန်းပြီးနောက် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းသည်။

ပရိယတ္တိပါလကစာမေးပွဲတွင် ဓမ္မာစရိယတန်း ရဟန်း(၂၈)ပါး၊ သာမဏေ(၁)ပါး၊ သီလရှင်(၂)ပါး၊ ပထမကြီးတန်း တွင် ရဟန်း(၁၂)ပါး၊ သီလရှင်(၁)ပါး၊ ပထမလတ်တန်းတွင် ရဟန်း(၂)ပါး၊ သာမဏေ(၁၇)ပါး၊ သီလရှင်(၁)ပါး၊ ပထမငယ်တန်းတွင် ရဟန်း(၅)ပါး၊ သာမ‌ဏေ (၅၅)ပါး၊ သီလရှင်(၁၇)ပါး၊ အခြေပြုမူလတန်းတွင် ရဟန်း(၄)ပါး၊ သာမဏေ(၂၀၆)ပါး၊ သီလရှင်(၁၈)ပါး၊ မူလတန်းတွင် သာမဏေ (၂၄၀)ပါး၊ သီလရှင်(၁၈)ပါး၊ သေခီယတန်းတွင် သာမဏေ(၃၄၄)ပါး၊ သီလရှင်(၄၁)ပါးနှင့် ပါဒကတန်းတွင် သာမဏေ(၆၃၀)ပါး၊ သီလရှင် (၆၁)ပါး စုစုပေါင်း (၂၁၆၉)ပါးဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်းသိရသည်။ ပရိယတ္တိပါလက စာမေးပွဲတွင် ဟိုပုံးမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ အောင်ပန်းမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်၊ ပင်းတယမြို့နယ်၊ ပင်လုံမြို့နယ်၊ မိုးနဲမြို့နယ်၊ ညောင်ရွှေမြို့နယ်တို့မှ ရဟန်း၊ သာမဏေနှင့် သီလရှင်များ ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး စာမေးပွဲကို ၁၃၈၄ ခုနှစ်၊ တပေါင်းလဆန်း(၁)ရက် ဖေဖော်ဝါရီလ (၁၉)ရက်နေ့မှ ဖေဖော်ဝါရီ လ(၂၆)ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဒါယကာ၊ ဒါယိကာမများအနေဖြင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)