ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း (Booster) ဆက်လက်ထိုးနှံ
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထပ်ဆောင်း(Booster)များ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနတွင် ဒေသခံပြည်သူ(၄၄)ဦး လာရောက်ထိုးနှံခဲ့ကြောင်းသိရသည်။